ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့၏ကုမ္ပဏီကို “ အခြားသူများအား ကူညီခြင်းနှင့်အတူ အရှိန်အဟုန်ဖြင့် အတူတကွ ရှေ့ဆက်သွားကြရန်” ဟူသော ရည်မှန်းချက်ဖြင့် ၂၀၂၀ ခုနှစ်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ ကျွန်ုပ်တို့ကုမ္ပဏီအနေဖြင့် ပြည်ပပို့ကုန်နှင့် ပြည်တွင်းသို့ ကုန်ပစ္စည်းများတင်သွင်းခြင်း လုပ်ငန်းများ အပေါ် အထူးအလေးပေး ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့၏ အဓိက ပြည်ပပို့ကုန်များမှာ လယ်ယာထွက် ကုန်ပစ္စည်းများ၊ ပဲမျိုးစုံ နှင့် ရေချိုငါး၊ ပုစွန် ထုတ်ကုန်များဖြစ်ပါသည်။
ကျွန်ုပ်တို့ကုမ္ပဏီ၏ ထုတ်ကုန်များကို အဓိကကုန်သွယ်ဖက် နိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလား‌ဒေ့ရှ် အပြင် နိုင်ဂျီးရီးယား၊ ဘီနင် နှင့် အိုင်ဗရီကို့စ် တို့ကဲ့သို့သော တောင်အာဖရိက နိုင်ငံများ သို့လည်း တင်ပို့လျက်ရှိပါသည်။ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေပါသည်။ ကျွန်ုပ်တို့ကုမ္ပဏီ အနေဖြင့် ပြည်တွင်းပြည်ပ ကုန်ပစ္စည်း ဝယ်ယူသူများ၏ လိုအပ်ချက်များအတိုင်း ကုန်ပစ္စည်း အရည်အသွေးနှင့် ထိုက်သင့်သောစျေးနှုန်းများကို အာမခံဆောင်ရွက်ပေးပါသည်။ ပြည်ပပို့ကုန်လုပ်ငန်း အပြင် ပြည်တွင်းသွင်းကုန်လုပ်ငန်းများကိုလည်း အလေးထား ဆောင်ရွက်ပါသည်။ အဓိကသွင်းကုန် ပစ္စည်းများမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများဖြစ်သော ဘိလပ်မြေ ၊ သံချောင်းများနှင့် လျှပ်စစ်ကြိုးအမျိုးမျိုး တို့အပြင် အိမ်သုံး / အထပ်မြင့်သုံး ဓာတ်လှေကားများဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၊ ဗီယက်နမ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့်ဂျာမနီနိုင်ငံတို့မှ မှာယူတင်သွင်းပါသည်။
အမေးဇင်းဂျူပီတာကုမ္ပဏီလီမိတက်သည် ကျွန်ုပ်တို့ဖောက်သည်များ၏ စိတ်ကျေနပ်မှု့ကို အများဆုံး ရရှိစေပြီး၊ ဖောက်သည်တိုင်းအတွက် ယုံကြည်စိတ်ချရသော မိတ်ဖက်ကောင်းဖြစ်အောင် အစဥ်အမြဲ ကြိုးစားကူညီ ဆောင်ရွက်ပေးနေပါသည်။

Board of Directors

Our President

Our Executive Director

Our Executive Director